Sunday, June 17, 2012
How to Root Huawei U8650
Huawei U8650 ကို Root လုပ်ချင်တယ် ဆိုရင် ပထမဦးဆုံး ROM ကို Update လုပ်ရမှာဖြစ်ပါတယ်။
Official ROM ကို Update လုပ်ဖို့အတွက်
ဒီနေရာကနေ Download လုပ်ယူပါ။
Download လုပ်လို့ပြီးသွားရင်တော့ rar file ကိုဖြန့်လိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ dload folder ကို Phone ရဲ့ SD Card ထဲကိုထည့်လိုက်ပါ။ SD Card ထဲကို dload folder ထည့်ပြီးရင်တော့ Phone ကို Power ပိတ်လိုက်ပြီး Battery ကို ၅ စက္ကန့်လောက် ဖယ်လိုက်ပါ။ ပြီးရင်တော့ Battery ကိုပြန်တပ်ပြီး "Vol +" + "Vol -" + "Power" သုံးခုစလုံးကို တစ်ချိန်တည်းမှာ ဖိထားရမှာဖြစ်ပါတယ်။
ဖိထားတဲ့ ခလုပ်တွေကို Firmware Upgrade စလုပ်တာနဲ့ လွှတ်လိုက်လို့ရပါတယ်။
Firmware Upgrade လုပ်တဲ့အချိန်က ၃မိနစ်ကနေ ၄မိနစ် အထိကြာနိုင်ပါတယ်။
Firmware Upgrade လုပ်ပြီး ပြန်တက်လာရင်တော့ Root လုပ်ဖို့အတွက် ဒီ File ကို Download လုပ်ယူလိုက်ပါ။
Download လုပ်ပြီးရလာတဲ့ root.zip ကို SD Card ထဲထည့်လိုက်ပါ။ ပြီးရင်တော့ ဖုန်းကို Power ပိတ်လိုက်ပြီး Battery ကို ၃စက္ကန့်လောက်ဖြုတ်ထားလိုက်ပါ။ ပြီးရင် Battery ကိုပြန်တပ်ပြီး "Vol +" + "Power" ကိုဖိထားလိုက်ပါ။
ပေါ်လာတဲ့ Bios Like Menu ထဲက Update ကိုရွေးလိုက်ပါ။ Update လုပ်ပြီးသွားတဲ့အခါ Phone ကသူ့အလိုလို restart ကျသွားပြီး ပြန်တက်လာပါလိမ့်မယ်။
အဲ့ဒါဆိုရင်တော့ Huawei U8650 ကို Root လုပ်လို့ပြီးသွားပါပြီ။
Labels:
Android,
Phone Root
Subscribe to:
Post Comments (Atom)




2 comments:
U8818 အတွက်လည်း root လုပ်နည်းလည်း သိရင် share လုပ်ပေးပါအုံး
အကိုရေ ကျွန်တော်လုပ်တာ အဆင်မပြေဘူးဗျ
firmware update လုပ်ပြီး ပြန်တက်လာတော့ ဘာမှမပေါ်တော့ဘူး screen က မီးပဲလင်းတယ် ကျန်တာဘာမှလုပ်မရတော့ဘူး
original firmware ပြန်တင်လို့လဲမရတော့ဘူး
fast boot ၀င်လဲမရ recovery ၀င်လဲမရနဲ့
ကယ်ပါဦး
Post a Comment